Thursday, April 3, 2014

ကုရ်အာန်အာယတ်တော်များ

၂၄။ စင်စစ်သော်ကား စကားအရာ၌ ကောင်းမြတ်သောသူကား အဘယ်သူနည်း။ ထိုသူသည် သူတစ်ပါးတို့အား အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သည့်အပြင်(မိမိကိုယ်တိုင်လည်း) ကောင်းမြတ်သော အကျင့်အမူကို ကျင့်မူဆောက်တည်၏။ ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်သည် မွတ်စ်လင်မ်(အမိန့်တော်ကိုနာခံသူ) တစ်ဦးဖြစ်သည်ဟု ပြောလေသည်။(၄၁း ၃၃) အမှန်စင်စစ်သော်ကား ကောင်းမှုနှင့် မကောင်းမှု့တို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့်ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိ၏။ထိုသူသည် မိတ်ဆွေအရင်းကဲ့သိုဖြစ်လာမည်။ (၄၁း ၃၄) သို့တစေလည်း ယင်းကောင်းမြတ်သော နည်းဟူသည် သည်းခံသောသူတို့အားသာလျှင် ပေးသနားခြင်းခံကြရပေမည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ်သော နည်းဟူသည် ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။(၄၁း ၂၅)

(၂၅) အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့(ကိုယ်များ)ကို လည်းကောင်း မိမိတို့၏အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး(ဘေး)မှ ကယ်ဆယ်ကင်းလွတ်စေကြလေကုန်။ ယင်းငရဲမီး၏ လောင်စားများမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြလေသည်။ ယင်းငရဲမီး၏ ညှာတာမှုကင်းမဲ့သောစိတ်ဓာတ်၊ခက်ထန်ကြမ်းတမ်းသော လွန်စွာပြင်းထန်ကြံခိုင်သော မလာအိကဟ်ကောင်းကင်တမန်များသည်(စောင့်ကြပ်လျက်) ရှိကြကုန်၏။ ထိုမလာအိကဟ်ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည်မရှိသည့်အပြင် မိမိတို့အမိန့်ပေးခြင်း ခံကြရသည်ကို (မဆိုင်းမတွ) ပြုလုပ်ဆောင်ရွက်လေ့ ရှိကြကုန်၏။ (၆၆း ၆)

Wednesday, March 12, 2014

ကုရ်အာန်အာယတ်တော်များ


(၂၁) အို နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့ပြောကြားပါလေ။ဤသည်သည်လျှင် ငါ၏လမ်းစဉ်ဖြစ်သည်။ ငါသည် (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်ပါသည်။ ငါနှင့်တွက် ငါ၏ နောက်လိုက်တို့သည် အလွန်ထင်ရှားခိုင်လုံသော သက်သေသာဓက အပေါ်၌ တည်ရှိနေကြပေသည်။ (၁၂း ၁၀၈)

(၂၂) ထိုနည်းတူစွာ မုအ်မင်န်သက်ဝင်ယုံကြည်သူ ယောက်က်ျားမိန်းမတို့သည်လည်း(သာသနာရေးတွင်)အချင်းချင်းတစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းများပင်ဖြစ်ကြကုန်၏။ ၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင်စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတစ်ပါး ယင်းသူတို့သည် အမြဲတစေပင် ဆွလာသ်ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဇကားသ်ကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။
 ထိုသူများသည် အကြင်သူများပင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မုချ သနားကြင်နာတော်မူပေမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော် နှင့် ပြည့်စုံတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၉း ၇၁)

(၂၃) ထို့ပြင် အသင်တို့သည် ကောင်းမှုပြုရာ၌လည်းကောင်း၊ မကောင်းမှုများမှ ရှောင်ကြဉ်ရာ၌လည်းကောင်း၊ အချင်းချင်းကူညီရိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုကို ပြုကျင့်ရာတွင်လည်းကောင်း ၊ ကျူးကျော်စော်ကားရာတွင် လည်းကောင်း အချင်းချင်း ရိုင်းပင်းကူညီခြင်းမပြုကြလေနှင့် (ကုရ်အာန် ၅း ၂)

Wednesday, March 5, 2014

ကုရ်အာန် အယသ်တော်များ ၂၀

(အို မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့သည် လူခပ်သိမ်းတို့အဖို့ (ဒီန်ရေးရာများ ညွှန်ကြားရန်အလို့ငှာ) ထါက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။ (အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန် ညွှန်ကြားကြသည့်အပြင်) စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း မြစ်တားကြကုန်၏။ (ကုရ်အာန် ၊ ၃း၁၁၀)

ကုရ်အာန် အာယသ်တော်များ ၁၉

ငါ အရှင်မြတ်သည် ခေတ်ကာလ (အဆွရ်အချိန်) ကို သက်သေထူတော်မူ၏။ ဧကန်စင်စစ် လူသည် အမှန်ပင် ပျက်စီးဆုံးရှုံးမှု၌ ရှိ၏။ အကြင်သူတို့မှတစ်ပါး ထိုသူသည် (အီမာန်) သက်ဝင်ယုံကြည်ကြ၏။ ၄င်းပြင် ကောင်းမြတ်သော အကျင့်အမူများကိုလည်း ကျင့်မူဆောက်တည်ကြ၏။ ထို့ပြင် အချင်းချင်း မှန်ကန်သော သာသနာအပေါ် ကြံ့ခိုင်စွာ တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတစ်ပါး ၄င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။ (ကုရ်အာန် ၊ ၁၀၃း၁-၃)

ကုရ်အာန် အာယသ်တော်များ ၁၈

သို့ပါ၍ အသင်တို့အလျင် ရှိခဲ့ဖူးကြသော သာသနာဝင် လူစုတို့တွင် ငါအရှင်မြတ်သည် ထိုသာသနာဝင် လူစုအနက်မှ ကယ်ဆယ်တော်မူခဲ့သော အနည်းငယ်မျှသော သူတို့မှတစ်ပါး ကမ္ဘာမြေပြင်ပေါ်၌ ပျက်စီးရာ ပျက်စီးကြောင်း တားမြစ်ကြမည်မဟုတ်။ ဥာဏ်အမြောအမြင်ရှိသူများ အဘယ့်ောကာင့် မရှိကြဘိသနည်း။ ထို့ပြင် (မိမိကိုယ်ကို မိမိတို့ကပင်) နှိပ်စက် ငြင်းပယ်ာကကုန်သော သူတို့မှာမူကား ၄င်းတို့ ပျော်မွေ့လျက်ရှိကြကုန်သော စည်းစိမ်များ၏ နောက်သို့ပင် လိုက်ခဲ့ကြကုန်၏။ ထို့ပြင် ၄င်းတို့သည် ပြစ်မှု ကျူးလွန်လေ့ရှိသူများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည် မြို့ရွာသူ/သား များကို ထိုမြို့ရွာသူ/ သားများ လူကောင်းဖြစ်နေကြပါလျက် အတင်းအကျပ် အလျှင်း ဖျက်ဆီးတော်မူသည် မဟုတ်ပေ။   (ကုရ်အာန် ၊ ၁၁း၁၁၆-၁၁၇)

Monday, March 3, 2014

အာယသ်တော်များ ၁၇

တစ်ဖန် အကြင်အခါဝယ် ၄င်းတိုပအနက်မှ လူတစ်စုသည် (၄င်းတို့အား ဆုံးမသူတို့ကို ) အသင်တိုပသည် အကြင်အမျိုးသားတို့အား (အဘယ်ကြောင့် ဆုံးမ ပေးလျက်ရှိကြပါသနည်း) အလ္လာဟ် အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (အရှင်မြတ်သည်) ၄င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သော ပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေသည်ဟု ဖြေကြားခဲ့လေသည်။ ထိုအခါ ထိုဆုံးမစကားပြောကြားနေသူတို့က ကျွန်ုပ်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် အပြစ်လွတ်ရာလွတ်ကြောင်း တာဝန်ကျေရာကျေခြင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို (ဆု့းမစကားပြောကြားခြင်းခံကြရသော) သူတို့သည် အပြစ်မှ ရှောင်ကြဉ်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆု့းမပေးခြင်းပ်င ဖြစ်သည်) ဟူ၍ ဖြေကြားလေသတည်း။ တစ်ဖန် ထိုသူသည် မိမိတို့ သတိပေးခြင်းခံကြရသော အမှုကိစ္စကို မေ့လျက်ပင် ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုမှ မြစ်တားလျက်ရှိာကသူတို့ ကယ်ဆယ်တော်မူ၍ မတရား ကျူးလွန်သူတို့ကိုမူ ၄င်းတို့သည် သွေဖည်လျက်ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်နှင့် ဖမ်းဆီးတော်မူခဲ့လေသတည်း။    (ကုရ်အာန် ၊ ၁၆၄-၁၆၅)

အာယသ်တော်တော်များ ၁၆

အို ချစ်သား အသင်သည် ဆွလာသ် ၀တ်ပြုမှုကို ဆောက်တည်ပါလေ။ ၄င်းပြင် အသင်သည် (သတစ်ပါးအားလည်း) ကောင်းမှု (ပြုလုပ်ကြရန်နှင့်) စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ ရှောင်ကြဉ်ရန်တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့် စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ (ကြံ့ခိုင်စွာရှိခြင်း) သည် ဇွဲသတ္တိနှင့် သက်ဆိုင်သော အမှုကိစ္စတို့ အနက်မှပင် ဖြစ်ချေသတည်း။   (ကုရ်အာန် ၊ ၃၁း၁၇)


Friday, February 28, 2014

အာယသ်တော်များ ၁၅

ထို့ပြင် (ထို) မုအ်မင်န် သက်ဝင်ယုံကြည်သူသည် (ဤသို့) ပြောဆိုခဲ့လေသည်။ အို ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏နောက်သို့ လိုက်ကြလေကုန်။ ကျွန်ုပ်သည် အသင်တို့အား တရားလမ်းမှန်သို့ ပို့ဆောင်အံ့။ အို… ကျွန်ုပ်၏ အမျိုးသားတို့၊ ဤမျက်မှောက်လောကီဘ၀သည် အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားမှုသာ ဖြစ်လေသည်။ သို့ရာတွင် အာခိရသ် တမလွန်ဘ၀မှာမူကား ယင်းသည်သာလျှင် ဧကန်စင်စစ် အမြဲနေထိုင်ရန် ဌာနဖြစ်၏။ မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့် (ပြစ်ဒဏ်) ကိုသာ အစားပေးခြင်းခံရပေမည်။ သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကောင်းမြတ်သော အကျင့်အမူကို ကျင့်မူဆောက်တည်ခဲ့ပါမူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူလည်း ဖြစ်ပါမူ ထိုကဲ့သို့သော သူတို့မှာ ဂျန္နသ်သို့ ၀င်ရောက်ရပေမည်။ ထိုသူတို့သည် ယင်း ဂျန္နသ်တွင် မရေတွက်နိုင်အောင်ဘဲ စားနပ်ရိက္ခာကို ချီးမြှင့် ကျွေးမွေးခြင်းကို ခံကြရကုန်အံ့သတည်း။ ထိုမှတစ်ပါး အို… ကျွန်ုပ်၏ အမျိုးသားတို့ ၊ မည်သို့ပါနည်း ကျွန်ုပ်သည် အသင်တို့အား (ပြစ်ဒဏ်မှ) ကင်းလွတ်ရာသို့ ဖိတ်ခေးနေပါသည်။ သို့ရာတွင် အသင်တို့သည်မူ ကျွန်ုပ်အား ငရဲမီးသို့ ဖိတ်ခေါ်နေပါသည်။ အသင်တို့သည် ကျွန်ုပ်အား ကျွန်ုပ်အလ္လာဟ် အရှင်မြတ်အား သွေဖည် ငြင်းပယ်ရန်လည်းကောင်း၊ ကျွန်ုပ်တွင် မည်သည့်ပညာ၊ မည်သည့် သက်သေတစ်စုံတစ်ရာမျှ မရှိသောအရာကို ကျွန်ုပ် ထို့အရှင်မြတ်နှင်း တွဲဖက် နှုင်းယှဉ် ကိုးကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည် အသင်တို့အား လွန်စွာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အလွန်တရာ ခွင့်လွှတ်ခ်ျမ်းသာပေးသနားတော်မူသော အရှင်မြတ်ထ့တော်သို့ပင် ဖိတ်ခေါ်လျက်ရှိပေသည်။ ဒွန္နယာနှင့် အာခိရသ် တမလွန်ဘ၀၌လည်း ဟစ်ခေါ် တ,သရန် မထိုက်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ထံတော်သို့ ပြန်ကြရပေမည်။ ထိုမှတစ်ပါး စည်းကမ်း ကျူးလွန်ကြသောသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား မကြာမြင့်မီပင် အသင်တို့သည် ကျွန်ုပ်တို့အား ပြောဆိုသော စကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို အရှင်မြတ်ထံ လွှဲအပ်ပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းမွန်စွာ ကြည့်ရှု စောင့်ရှောက်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထို (မုအ်မင်န်သက်ဝင်ယုံကြည်) သူအား ၄င်းတို့ ကြံစည်ခဲ့ကြကုန်သော အကြံစည်၏ ဘေးအန္တရာယ်တိုပမှ ဖယ်ရှားပေးတော်မူခဲ့၏။ သို့ရာတါင် ဖိရ်အောန်၏ ခြွေရံသင်းပင်းတို့ကိုမူကား ဆိုးယတ်သော ပြစ်ဒဏ်သည် ၀ိုင်းဝန်းကျရောက်ခဲ့ပေသည်။    (ကုရ်အာန် ၊ ၄၀း၃၈-၄၅)


အာယသ်တော်များ ၁၄

ငါသည် မိမိအရှင်မြတ်မှ မှာကြားတော်မူလိုက်သော အမိန့်တော်များကိုသာ အသင်တို့ထံ ပို့ဆောင်လေသည်။ ၄င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကို လိုလားသူ၊ ယုံကြည့်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။ (ကုရ်အာန် ၇း၆၈)

အာယသ်တော် ၁၃

ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအား မိမိ သက်သေ လက္ခဏာတော်များနှင့်တကွ စေလွှတ်တော်မူ၍ (ဤသို့အမိန့်ထုတ်ပြန်တော်မူ) ခဲ့၏။ အသင်သည် မိမိအမျိုးသားတို့ကို အမှောင်ထုမှ အလင်းသို့ ခေါ်ထုတ်လော့။ ထိုမှတစ်ပါး အသင်သည် ယင်းအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်၏ (သမိုင်းဝင်) နေ့တော်များ အဖြစ်အပျက်များ အကြောင်းကို သတိပေးလော့။ ဧကန်မလွဲ ယင်းအကြောင်းကိစ္စများတွင် အလွန်သည်းခံခြင်းတရားထားရှိသူတိုင်း အလွန်ကျေးဇူးတော်ကို သိတတ်သူတိုင်းအဖို့ သက်သေလက္ခဏာများသည် ရှိကုန်သတည်း။   (ကုရ်အာန် ၊ ၁၄း၁၅)

Monday, February 24, 2014

၁၂

ယင်းဖိရ်အောင်န်က သို့ဖြစ်လျှင် အို မူစာ အသင်တို့နှစ်ဦးအား ဖန်ဆင်းတော်မူသော အရှင်သည် မည်သူနည်းဟု ပြောဆိုမေးမြန်းလေ၏။ (ထိုအခါ) မူစာက ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသီးသီးသော အရာဝတ္ထုတိုင်းကို ၄င်းနှင့် ထိုက်သည့်အားလျော်စွာ ရုပ်ဆင်းသဏ္ဌာန်ကို ချီးမြှင့်တော်မူပြီးလျှင် (ဆောင်ရွက်အံ့သော) နည်းလမ်းကို ညွှန်ပြတော်မူသော အရှင်မြတ်သည်ပင် ဖြစ်တော်မူသည်ဟု ပြောကြားခဲ့လေသတည်း။ (တစ်ဖန်) ဖိရ်အောင်န်က သို့ဖြစ်လျှင် ရှေးဟောင်းမျိုးနွယ်တို့၏ အခြေအနေ မည်သို့ ရှိချေသနည်းဟု ပြောဆိုပြန်လေ၏။ မူစာသည် (ဤသို့) ပြောကြားခဲ့၏။ ရှေးမျိုးနွယ်တို့နှင့် ပက်သက်သော အသိကား ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် မှတ်တမ်းစာအုပ် ရှိပေသည်။ (အမှန်စင်စစ်) ကျွန်ုပ်၏ အရှင်မြတ်သည် မှားယွင်းတော်မူသည်လည်းမရှိ၊ မေ့လျော့တော်မူသည်လည်း မရှိချေ။ အရှင်မြတ်သည် ပထ၀ီမြေကို အိပ်ယာအဖြစ် အခင်းအကျင်း ပြုလုပ်တော် မူခဲ့၏။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင် ယင်းပထ၀ီမြေပြင်၌ အသင်တို့အဖို့ လမ်းမားကိုလည်း ပြုလုပ်တော်မူခဲ့၏။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။ (ကုရ်အာန် ၊ ၂၀း၄၉-၅၃)

အာယသ် နံပါတ်(၁၁)

(၁၁) ဖရ်အောင်န်က စကြာဝဠာခပ်သိမ်းတို့၏အရှင်သခင်ဟူသည် အဘယ်နည်းဟု မေးမြန်ခဲ့လေသည်။ (၂၆း ၁၃) (မူစာ) က အကယ်၍ အသင်တို့သည် ယုံကြည်လိုသူများဖြစ်ကြလျှင် (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထ၀ီမြေကိုလည်းကောင်း၊ ယင်မိုးကောင်ကင်နှင့်ပထ၀ီမြေ၏အကြား၌ ရှိသမျှတို့ကို ၎င်းဖန်ဆင်းတော်မူတော်အရှင်ဖြစ်တော်မူသည်ဟု ပြောဆိုဖြေကြားခဲ့လေ၏ ။ (၂၆း ၁၄) (ဖရ်အောင်န်)က မိမိအနီအနား၌ရှိကြသူတို့အား(မောင်မင်းတို့) ကြားကြပါ၏လောဟု ဆိုခဲ့လေသည်။ (၂၆း ၂၅) (မူစာ) က (အရှင်မြတ်သည်) အသင်တို့အားဖန်ဆင်းတော်မူသောအရှင်သခင်နှင့် အသင်တို့၏ရှေးဟောင်း အဘ၊ ဘိုးဘေးများအားဖန်ဆင်း တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ဟု ပြောကြားခဲ့ပြန်၏ ။ (၂၆း ၂၆) ဖစ်ရ်အောင်န်က (သူ၏မူးမတ်တို့အား) ဧကန်စင်စစ် အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် ရူးနမ်းသူဖြစ်သည်ဟု ဆိုခဲ့ပြန်သည်။ (၂၆း ၂၇) (မူစာ) က(ထိုအရှင်မြတ်သည်) အရှေ့အရပ်၌လည်းကောင်၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ဤသည်ကို အသင်တို့ သိနားလည်းကြလျှင် ကောင်းလေစွဟု ဟောပြော၏။ (၂၆း ၂၈)

Sunday, February 23, 2014

ကုရ်အာန် အာယသ်တော်များ

နဗီတမန်တော်၏ အမည်ဖတ်လျှင် (အလိုင်းဟစ္စလာမ်) ထည့်ဖတ်ပါ
၁၀။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူးဟ်အား ၄င်း၏ အမျိုးသားတို့ထံစေလွှတ်တော်မူခဲ့၏။ အသင်သည် မိမိအမျိုးသားတို့အား ၄င်းကိုထံနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုဆိုက်ရောက်၍ မလာမီ သတိပေးပါလေ။ ထို (နဗီတမန်တော်) နူးဟ်က ဖြေကြားခဲ့သည်မှာ မိမိအမျိုးသားတို့အား အို..ငါ၏အမျိုးသားတို့ ၊ဧကန်မလွဲငါသည် အသင်တို့အဖို့ ထင်ရှားစွာ သတိပေးနှိုးဆော်သူဖြစ်ပါသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ အသင်တို့သည် ငါ၏အမိန့်ကို နာခံကြလေကုန်။ အသင်တို့အား ခွင့်လွှတ်ရန်အလို့ငှာ သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ ရမည်မဟုတ်ပေ။ အကယ်၍ အသင်တို့သည် (ဤသည်ကို) သိရှိခဲ့ကြပါလျှင် ကောင်းလေစွတကား။ ထို့နောက် ထို (နဗီတမန်တော်) နူးဟ်သည် ဤသို့လျှောက်ထားခဲ့၏။ အို.. ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့၊ည မပြတ် ဖိတ်ခေါ်ခဲ့ပါ၏။ သို့တစေလည်း ကျွန်တော်မျိုး၏ဖိတ်ခေါ်ချက်သည် ၄င်းတို့၌ ထွက်ပြေးတိမ်းရှောင်မှုကိုသာ တိုးတက်စေခဲ့ပါ၏။ ထိုမှတစ်ပါး အရှင်မြတ်သည် ၄င်းတို့အား ခွင့်လွှတ်တော်မူအံ့သောငှာ. မည်သည့်အခါမျိုးမဆို ကျွန်တော်မျိုးသည် ၄င်းတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၄င်းတို့သည် မိမိတို့၏လက်ချောင်းများကို မိမိတို့၏ နားများ၌ ထည့်သွင်းထားခဲ့ကြပါ၏။ ထို့ပြင် ၄င်းသူတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၄င်းတို့သည် မိမိတို့၏အ၀တ်များကို (မိမိတို့ကိုယ်များပေး၌) လွှမ်းခြုံဖုံးအုပ်ထားခဲ့ကြပါ၏။ ထို့ပြင် ၄င်းတို့သည် (မိမိတို့၏သေဖည်ငြင်းပယ်မှုအပေါ်၌) ဖွတ်မှိတ်၍သာ နေခဲ့ကြသည့်အပြင် လွန်စွာ မာန်မာန ထောင်လွှားခြင်းကိုလည်း ပြုခဲ့ပါ၏။ ထို့နောက် ကျွန်တော်မျိုးသည် စင်စစ်ဧကန် ၄င်းတို့အား အသံကျယ်စွာ ဖိတ်ခေါ်ခဲ့ပါ၏။ ထို့နောက် အမှန်စင်စစ် ၄င်းတိုပအား ပွင့်လင်းထင်ရှားစွာ ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့ပါ၏။ ထိုမှတစ်ပါး ကျွန်တော်မျိုးသည် ၄င်းတို့အား လျှို့ဝှက်စွာဖိတ်ခေါ်မှုလည်း ပြုခဲ့ပါ၏။ ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် ၄င်းတို့အားဤသို့ ပြောကြားခဲ့ပါ၏။ (အချင်းတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ာကားအသနားခံကြလေကုန်။ မလွဲဧကန် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် မြောက်များစွာ ရွာသွန်းသော မိုးကို ရွာစေတော်မူပေ၏။ ဥစ္စာပစ္စည်းနှင့် သားသမ္မီးများကို တိုးပွားစေတော်မူမည်။ ထို့အပြင် အသင်တို့အဖို့ ဥယျာဉ်များကို ဖန်ဆင်း၍ ပေးသနားတော်မူသည့်အပြင် အသင်တို့အဖို့ ချောင်းများကိုလည်း စီးတွေစေတော်မူပေမည်။ အသင်တို့သည် မည်သည့်အကြောင်းရှိ၍ အလ္လာဟ်အရှင်မြတ်၏ ထူးကဲမြင်မြတ်မှုကို မယုံကြည်ကြသနည်း။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်းသဏ္ဌာန်) အမျိုးမျိုးနှင့် နည်းအမျိုးမျိုးဖြင့် (ပြောင်း၍အဆင့်ဆင့် ဖန်ဆင်းတော်မူခဲ့၏) အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ကို မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းထားတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည်မဟုတ်လော။ ၄င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးများ၌ လ ကို လင်းရောင်ခြည်ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် နေကို မီးရှူးတိုင်ပြုလုပ် တော်မူခဲ့၏ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား အထူးအမျိုးအစားနှင့် မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပထ၀ီမြေထဲသို့ပင် ပြန်ရောက်စေတော်မူ၏။ ထို့နောက် တစ်ဖန် အသင်တို့အား (ယင်းမြေထဲမှ) အပြင်သို့ ထွက်စေတော်မူပေမည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထ၀ီမြေပြင်ကို အခင်းအကျင်းပြုလုပ်တော်မူခဲ့၏။ သို့မှသာလျှင် အသင်တို့သည် ယင်းပထ၀ီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်ကြကုန်အံ့သတည်း။    (ကုရ်အာန် ၊ ၇၁း၁ -၂၀)

Thursday, February 20, 2014

(၇) (အို-နဗီတမန်တော်) ၎င်း (မက္ကာဟ်မြို့သား) တို့သည် သက်ဝင်ယုံကြည်ခြင်းမရှိကြသောကြောင့် အသင်သည်မိမိကိုယ်ကိုမိမိနှိပ်စက်ကလူ အဆုံးစီရင်ပြုချင်လုမတက်ဖြစ်နေဘိ၏ ။  (ကုရ်အာန်၊ ၂၆း ၅)

(၈) ဧကန်မလွဲ၊ အသင်တို့အနက်မှ ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ  အသင်တို့ တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်အပေါ်၌ အလွန်ဝေးလှ၏ ။ (၎င်းအပြင် ထိုရစူလ်တမန်တော်) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကို အာသာဆန္ဒပြင်းပြစွာ တပ်မက်သူဖြစ်၏ ။ (ထိုမှတစ်ပါး) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ ၊ အလွန်တရာ သနားကြင်နာသူတစ်ဦးလည်း ဖြစ်ချေသတည်း။  (ကုရ်အာန်၊ ၉း ၁၂)

(၉) (အို-နဗီတမန်တော်) ၎င်းတို့အီမာန်မယူခဲ့ကြခြင်းနှင့်ပတ်သက်၍ အသင်၏အသက်ဇီဝိန်ကို ယူကျုံးမရဖြစ်ကာ မဆုံးပါစေနှင့်။  (ကုရ်အာန်၊ ၃၅း ၈)

Tuesday, February 18, 2014

ဒအ်ဝသ်ဖိတ်ခေါ်မှုနှင့် ၄င်း၏မွန်မြတ်မှုများ

၅။ ထိုမှတစ်ပါး အသင်သည် ဆုံးမလျက်ရှိပါလေ။ အဘယ်ောကာင့်ဆိုသော် ဆုံးမမှုသည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား အကျိုးရှိစေသောကြောင့်ပင်။   (ကုရ်အာန် ၊ ၅၁း၅၅)


၆။ အိုစောင်ခြုံထားသူ အသင်သည် ထပြီးလျှင် (ကာဖိရ်ပြင်းပယ်သောသူတို့အား) သတိပေးနှိုးဆော်ပါလေ။ ၄င်းပြင် အသင်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ ကြီးကဲမြင့်မြတ်တော်မူကြောင်း ချီးကျူးမြွတ်ဆိုပါလေ။   (ကုရ်အာန် ၊ ၇၄း၁ ။ ၇၇း၂ ။ ၇၄း၃)

ဒအ်ဝသ်ဖိတ်ခေါ်မှုနှင့် ၄င်း၏မွန်မြတ်မှုများ

(၃) အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ (နဗီတမန်တော်) တစ်ပါးစီကို စေလွှတ်နိုင်တော်မူ၏။
သို့ဖြစ်ပေရာ (အို...နဗီတမန်တော်) အသင်သည် ကာဖိရ် (သွေဖည်ငြင်းပယ်သောသူ) တို့၏ စကားကို လိုက်နာခြင်းမပြုလေနှင့်။ သို့သော် ၄င်းတို့အား နိုင်နင်းအောင်
ကုရ်အာန် ကျမ်းတော်မြတ်ဖြင့် ကြီးကယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။ (ကုရ်အာန် ၂၅း၅၁-၅၂)
(၄) အို...နဗီတမန်တော် အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လမ်းတော်သို့ (လူတို့အား) ဥာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော
အဆုံးအမနှင့်လည်းကောင်း ဖိတ်ခေါ်ပါလေ (ကုရ်အာန် ၁၆း၁၂၅)

Sunday, February 16, 2014

ဒအ်ဝသ်ဖိတ်ခေါ်မှုနှင့် ၎င်း၏မွန်မြတ်မှု.များ

ကုရ်အာန်၏အာယတ်တော်များ

(၁) 'စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(လူခပ်သိမ်းတို.အား) ငြိမ်းချမ်းရေးဘုံဗိမာန်သို. ဖိတ်ခေါ်တော်မူလေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်သို. ပို.ဆောင်တော်မူ၏။' (ကုရ်အာန်၊ ၁၀း ၂၅)

(၂) 'ထိုအရှင်မြတ်သည်ပင် စာပေမတတ်သောသူတို.ထံ ၎င်းတို.အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၏။ထိုရစူလ်တမန်တော်သည် ၎င်းတို.ရှေ.၀ယ် ထိုအရှင်မြတ်၏ အာယသ်တော်ကို ဖတ်ကြားလေသည်။ ၎င်းပြင် ၎င်းတို.အား စင်ကြယ်သန်.ရှင်းအောင် ပြုလုပ်လေ၏။ထိုမှတစ်ပါး ထိုသူတို.အား ကျမ်းဂန်ကိုလည်းကောင်း၊ဥာဏ်ပညာကိုလည်းကောင်း သင်ကြားပို.ချလေ၏။ စင်စစ်မှာမူကား ၎င်းတို.သည် ယခင်ကထင်ရှားစွာသောလမ်းမှားမှု.၌ပင်ရှိနေခဲ့ကြကုန်၏။ (ကုရ်အာန်၊ ၆၂း ၂)

Tuesday, February 11, 2014

ဒအ်ဝသ်သဗ်လီဂ်

မွန်သခဗ်ဟဒီစ်း                                                                                    ဒအ်ဝသ် သဗ်လီဂ် ဒအ်ဝသ်သဗ်လီဂ်
  မိမိ ယုံကြည်ချက်နှင့် ကျင့်ဝတ်တရားများ မှန်ကန်လာစေရန်အတွက် လူသားတို.ကိုမှန်ကန်သော ယုံကြည်ချက်နှင့် ကျင့်ဝတ်တရားများအပေါ်သို. ရောက်ရှိကြစေရန်အလို.ငှာ တမန်တော်မြတ်(ဆွ) ယူဆောင်လာသော လမ်းစဉ်ကျင့်ထုံးများကို လောကတခွင့်လုံး၌ ရှင်သန်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း။