ထို့ပြင် (ထို) မုအ်မင်န် သက်ဝင်ယုံကြည်သူသည်
(ဤသို့) ပြောဆိုခဲ့လေသည်။ အို ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏နောက်သို့
လိုက်ကြလေကုန်။ ကျွန်ုပ်သည် အသင်တို့အား တရားလမ်းမှန်သို့ ပို့ဆောင်အံ့။ အို… ကျွန်ုပ်၏
အမျိုးသားတို့၊ ဤမျက်မှောက်လောကီဘ၀သည် အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားမှုသာ ဖြစ်လေသည်။
သို့ရာတွင် အာခိရသ် တမလွန်ဘ၀မှာမူကား ယင်းသည်သာလျှင် ဧကန်စင်စစ် အမြဲနေထိုင်ရန် ဌာနဖြစ်၏။
မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့်
(ပြစ်ဒဏ်) ကိုသာ အစားပေးခြင်းခံရပေမည်။ သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ
ကောင်းမြတ်သော အကျင့်အမူကို ကျင့်မူဆောက်တည်ခဲ့ပါမူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န်
သက်ဝင်ယုံကြည်သူလည်း ဖြစ်ပါမူ ထိုကဲ့သို့သော သူတို့မှာ ဂျန္နသ်သို့ ၀င်ရောက်ရပေမည်။
ထိုသူတို့သည် ယင်း ဂျန္နသ်တွင် မရေတွက်နိုင်အောင်ဘဲ စားနပ်ရိက္ခာကို ချီးမြှင့် ကျွေးမွေးခြင်းကို
ခံကြရကုန်အံ့သတည်း။ ထိုမှတစ်ပါး အို… ကျွန်ုပ်၏ အမျိုးသားတို့ ၊ မည်သို့ပါနည်း ကျွန်ုပ်သည်
အသင်တို့အား (ပြစ်ဒဏ်မှ) ကင်းလွတ်ရာသို့ ဖိတ်ခေးနေပါသည်။ သို့ရာတွင် အသင်တို့သည်မူ
ကျွန်ုပ်အား ငရဲမီးသို့ ဖိတ်ခေါ်နေပါသည်။ အသင်တို့သည် ကျွန်ုပ်အား ကျွန်ုပ်အလ္လာဟ် အရှင်မြတ်အား
သွေဖည် ငြင်းပယ်ရန်လည်းကောင်း၊ ကျွန်ုပ်တွင် မည်သည့်ပညာ၊ မည်သည့် သက်သေတစ်စုံတစ်ရာမျှ
မရှိသောအရာကို ကျွန်ုပ် ထို့အရှင်မြတ်နှင်း တွဲဖက် နှုင်းယှဉ် ကိုးကွယ်ရန်လည်းကောင်း၊
ဖိတ်ခေါ်ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည် အသင်တို့အား လွန်စွာ နိုင်နင်း လွှမ်းမိုးတော်မူသော၊
အလွန်တရာ ခွင့်လွှတ်ခ်ျမ်းသာပေးသနားတော်မူသော အရှင်မြတ်ထ့တော်သို့ပင် ဖိတ်ခေါ်လျက်ရှိပေသည်။
ဒွန္နယာနှင့် အာခိရသ် တမလွန်ဘ၀၌လည်း ဟစ်ခေါ် တ,သရန် မထိုက်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည်
အလ္လာဟ် အရှင်မြတ်ထံတော်သို့ ပြန်ကြရပေမည်။ ထိုမှတစ်ပါး စည်းကမ်း ကျူးလွန်ကြသောသူတို့သည်
ငရဲသားများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား မကြာမြင့်မီပင် အသင်တို့သည် ကျွန်ုပ်တို့အား
ပြောဆိုသော စကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို
အရှင်မြတ်ထံ လွှဲအပ်ပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းမွန်စွာ ကြည့်ရှု စောင့်ရှောက်တော်မူသော
အရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထို (မုအ်မင်န်သက်ဝင်ယုံကြည်)
သူအား ၄င်းတို့ ကြံစည်ခဲ့ကြကုန်သော အကြံစည်၏ ဘေးအန္တရာယ်တိုပမှ ဖယ်ရှားပေးတော်မူခဲ့၏။
သို့ရာတါင် ဖိရ်အောန်၏ ခြွေရံသင်းပင်းတို့ကိုမူကား ဆိုးယတ်သော ပြစ်ဒဏ်သည် ၀ိုင်းဝန်းကျရောက်ခဲ့ပေသည်။ (ကုရ်အာန် ၊ ၄၀း၃၈-၄၅)
No comments:
Post a Comment