နဗီတမန်တော်၏ အမည်ဖတ်လျှင် (အလိုင်းဟစ္စလာမ်) ထည့်ဖတ်ပါ
၁၀။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူးဟ်အား ၄င်း၏ အမျိုးသားတို့ထံစေလွှတ်တော်မူခဲ့၏။
အသင်သည် မိမိအမျိုးသားတို့အား ၄င်းကိုထံနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုဆိုက်ရောက်၍ မလာမီ
သတိပေးပါလေ။ ထို (နဗီတမန်တော်) နူးဟ်က ဖြေကြားခဲ့သည်မှာ မိမိအမျိုးသားတို့အား အို..ငါ၏အမျိုးသားတို့ ၊ဧကန်မလွဲငါသည် အသင်တို့အဖို့
ထင်ရှားစွာ သတိပေးနှိုးဆော်သူဖြစ်ပါသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ကြလေကုန်။
အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ အသင်တို့သည် ငါ၏အမိန့်ကို နာခံကြလေကုန်။
အသင်တို့အား ခွင့်လွှတ်ရန်အလို့ငှာ သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍
ရမည်မဟုတ်ပေ။ အကယ်၍ အသင်တို့သည် (ဤသည်ကို) သိရှိခဲ့ကြပါလျှင် ကောင်းလေစွတကား။ ထို့နောက် ထို (နဗီတမန်တော်) နူးဟ်သည် ဤသို့လျှောက်ထားခဲ့၏။ အို.. ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊
ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့၊ည မပြတ် ဖိတ်ခေါ်ခဲ့ပါ၏။ သို့တစေလည်း
ကျွန်တော်မျိုး၏ဖိတ်ခေါ်ချက်သည် ၄င်းတို့၌ ထွက်ပြေးတိမ်းရှောင်မှုကိုသာ တိုးတက်စေခဲ့ပါ၏။
ထိုမှတစ်ပါး အရှင်မြတ်သည် ၄င်းတို့အား ခွင့်လွှတ်တော်မူအံ့သောငှာ. မည်သည့်အခါမျိုးမဆို ကျွန်တော်မျိုးသည်
၎င်းတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၄င်းတို့သည် မိမိတို့၏လက်ချောင်းများကို မိမိတို့၏ နားများ၌
ထည့်သွင်းထားခဲ့ကြပါ၏။ ထို့ပြင် ၄င်းသူတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၄င်းတို့သည် မိမိတို့၏အ၀တ်များကို (မိမိတို့ကိုယ်များပေး၌) လွှမ်းခြုံဖုံးအုပ်ထားခဲ့ကြပါ၏။ ထို့ပြင်
၎င်းတို့သည် (မိမိတို့၏သေဖည်ငြင်းပယ်မှုအပေါ်၌) ဖွတ်မှိတ်၍သာ နေခဲ့ကြသည့်အပြင် လွန်စွာ
မာန်မာန ထောင်လွှားခြင်းကိုလည်း ပြုခဲ့ပါ၏။ ထို့နောက် ကျွန်တော်မျိုးသည် စင်စစ်ဧကန်
၎င်းတို့အား အသံကျယ်စွာ ဖိတ်ခေါ်ခဲ့ပါ၏။ ထို့နောက် အမှန်စင်စစ် ၄င်းတိုပအား ပွင့်လင်းထင်ရှားစွာ
ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့ပါ၏။ ထိုမှတစ်ပါး ကျွန်တော်မျိုးသည် ၄င်းတို့အား လျှို့ဝှက်စွာဖိတ်ခေါ်မှုလည်း
ပြုခဲ့ပါ၏။ ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် ၄င်းတို့အားဤသို့ ပြောကြားခဲ့ပါ၏။ (အချင်းတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော
အရှင်မြတ်၏ အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ာကားအသနားခံကြလေကုန်။ မလွဲဧကန်
ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်
အသင်တို့အပေါ်ဝယ် မြောက်များစွာ ရွာသွန်းသော မိုးကို ရွာစေတော်မူပေ၏။ ဥစ္စာပစ္စည်းနှင့်
သားသမ္မီးများကို တိုးပွားစေတော်မူမည်။ ထို့အပြင် အသင်တို့အဖို့ ဥယျာဉ်များကို ဖန်ဆင်း၍
ပေးသနားတော်မူသည့်အပြင် အသင်တို့အဖို့ ချောင်းများကိုလည်း စီးတွေစေတော်မူပေမည်။ အသင်တို့သည်
မည်သည့်အကြောင်းရှိ၍ အလ္လာဟ်အရှင်မြတ်၏ ထူးကဲမြင်မြတ်မှုကို မယုံကြည်ကြသနည်း။ စင်စစ်ဧကန်
ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်းသဏ္ဌာန်) အမျိုးမျိုးနှင့် နည်းအမျိုးမျိုးဖြင့် (ပြောင်း၍အဆင့်ဆင့် ဖန်ဆင်းတော်မူခဲ့၏) အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ကို
မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းထားတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည်မဟုတ်လော။
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးများ၌ လ ကို လင်းရောင်ခြည်ဖြစ်စေတော်မူခဲ့၏။ ထို့ပြင်
နေကို မီးရှူးတိုင်ပြုလုပ် တော်မူခဲ့၏ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား အထူးအမျိုးအစားနှင့်
မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပထ၀ီမြေထဲသို့ပင်
ပြန်ရောက်စေတော်မူ၏။ ထို့နောက် တစ်ဖန် အသင်တို့အား (ယင်းမြေထဲမှ) အပြင်သို့ ထွက်စေတော်မူပေမည်။ ထိုမှတစ်ပါး
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထ၀ီမြေပြင်ကို အခင်းအကျင်းပြုလုပ်တော်မူခဲ့၏။
သို့မှသာလျှင် အသင်တို့သည် ယင်းပထ၀ီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်ကြကုန်အံ့သတည်း။ (ကုရ်အာန် ၊ ၇၁း၁ -၂၀)
No comments:
Post a Comment