(၇) (အို-နဗီတမန်တော်) ၎င်း (မက္ကာဟ်မြို့သား) တို့သည် သက်ဝင်ယုံကြည်ခြင်းမရှိကြသောကြောင့် အသင်သည်မိမိကိုယ်ကိုမိမိနှိပ်စက်ကလူ အဆုံးစီရင်ပြုချင်လုမတက်ဖြစ်နေဘိ၏ ။ (ကုရ်အာန်၊ ၂၆း ၅)
(၈) ဧကန်မလွဲ၊ အသင်တို့အနက်မှ ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ အသင်တို့ တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်အပေါ်၌ အလွန်ဝေးလှ၏ ။ (၎င်းအပြင် ထိုရစူလ်တမန်တော်) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကို အာသာဆန္ဒပြင်းပြစွာ တပ်မက်သူဖြစ်၏ ။ (ထိုမှတစ်ပါး) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ ၊ အလွန်တရာ သနားကြင်နာသူတစ်ဦးလည်း ဖြစ်ချေသတည်း။ (ကုရ်အာန်၊ ၉း ၁၂)
(၉) (အို-နဗီတမန်တော်) ၎င်းတို့အီမာန်မယူခဲ့ကြခြင်းနှင့်ပတ်သက်၍ အသင်၏အသက်ဇီဝိန်ကို ယူကျုံးမရဖြစ်ကာ မဆုံးပါစေနှင့်။ (ကုရ်အာန်၊ ၃၅း ၈)
No comments:
Post a Comment